မြန်မာနိုင်ငံ ၁၀ တန်းအင်္ဂလိပ်စာသင်ခန်းစာများကို
ဖုန်းဖြင့်လေ့လာလိုသူများအတွက် Install လုပ်ထား
နိုင်သော App ကို Download ယူနိုင်ပါသည်။
=============================== Download here
===============================
Friday, 29 July 2016
မြန်မာနိုင်ငံ ဆယ်တန်း အင်္ဂလိပ်စာသင်ခန်းစာများကို ဖုန်းဖြင့်လေ့လာလိုသူများအတွက်
Wednesday, 27 July 2016
သင့် Andriod Phone မှာ မလုပ်သင့်သည့် အရာများ
သင့် Android Phone မှာ မလုပ်သင့်တဲ့ အရာ ၅ ခု
သင့် Android Phone, Tablet ကို နေ့စဉ်လူနေမှုဘ၀များမှာ အသုံးပြုနေကြပါတယ်။ အဲဒီအတွက် ဖုန်းကို ရေရှည် အသုံးခံအောင် ပြုလုပ်သင့်ပါတယ်။ လူများစွာက Anti-Virus Software များကို Install လုပ်ခြင်း၊ နောက်ကွယ်မှ Apps များကို ပိတ်ခြင်းဖြင့် ကြိုတင်ကာကွယ်မှုများကို ပြုလုပ်ထားကြပါတယ်။ ဒါပေမယ့် အဲဒီ အလုပ်များဟာ တကယ်လိုအပ်ပါသလား ? ပြုလုပ်သင့်တယ်လို့ ထင်ရပေမယ့် မပြုလုပ်သင့်တဲ့ အရာများ ရှိပါတယ်။ ဒါကို Android Phone သုံးသူ အများစုက မသိကြပါဘူး။ ဒီတစ်ပတ်မှာတော့ သင့် Android Device မှာ မပြုလုပ်သင့်တဲ့ အရာ ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Task Killers များကို သုံးခြင်း၊ Apps များကို ပိတ်ခြင်း။
လူအများစုက Task Killers များကို သုံးပြီး နောက်ကွယ်မှာ Run နေတဲ့ Apps များကို သတ်ကြပါတယ်။ ဒါမှမဟုတ် Recent Apps Button ကို နှိပ်ပြီး သတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုလုပ်တာဟာ ဖုန်းကို ပိုမမြန်စေဘဲ ပိုနှေးစေတယ်ဆိုတာ လူအများစု မသိကြပါဘူး။
App တစ်ခုကို ဖွင့်တဲ့အခါမှာ သူ့ရဲ့ ဒေတာများကို RAM မှာ သိမ်းလိုက်ပါတယ်။ အဲဒီ App ကို သတ်လိုက်ရင် RAM မှာ သိမ်းထားတဲ့ ဒေတာများကို ဖျက်လိုက်ပါတယ်။ အဲဒီအတွက် နောက်တစ်ကြိမ်ဖွင့်ရင် RAM မှာ ဒေတာများ ပြန်သိမ်းရတဲ့အတွက် နှေးကွေးပြီး ကြာပါတယ်။ အဲဒီ App ကို မသတ်ဘဲ နောက်တစ်ကြိမ်ပြန်ဖွင့်ရင် RAM မှာ ဒေတာများ ရှိနေသေးတဲ့အတွက် လျှင်မြန်စွာ ပြန်ပွင့်ပါတယ်။
အဲဒီအတွက် ဘက်ထရီ အလွန် သုံးတဲ့ App ကိုသာ ရွေးချယ် သတ်သင့်ပါတယ်။
၂။ Antivirus App ကို တစ်ခုထက် ပိုသုံးခြင်း။
သင့် Android Device မှာ Antivirus App တစ်ခု သုံးမယ်ဆိုရင် RAM နဲ့ ဘက်ထရီကို အလွန် အသုံးပြုတာကို သတိပြုပါ။ သူဟာ နောက်ကွယ်မှာ တစ်ချိန်လုံး အလုပ်လုပ်နေပါတယ်။ အဲဒီအတွက် Antivirus App တစ်ခုသာ သင့်ဖုန်းမှာ ထည့်သွင်းထားသင့်ပါတယ်။ Antivirus App များစွာ ရှိတဲ့အထဲကနေ နာမည်ကြီး ကောင်းမွန်တဲ့ တစ်ခုကို လေ့လာ အသုံးပြုပါ။
၃။ Software Update မလုပ်ခြင်း။
သင့် စမတ်ဖုန်း Operating System ကို အမြဲ Update လုပ်သင့်ပါတယ်။ လုံခြုံရေးနဲ့ စွမ်းဆောင်ရည် ပိုမို ကောင်းမွန်လာဖို့ ဖြစ်ပါတယ်။ Update ရတိုင်း ထည့်သွင်းသင့်ပါတယ်။ အခမဲ့ ၀ိုင်ဖိုင် လိုင်း ကောင်းရင် အလိုအလျှောက် Update ပြုလုပ်သင့်ပါတယ်။
၎။ မယုံကြည်ရတဲ့ App Store များမှ Download လုပ်ခြင်း။
Android APK ဖိုင်များမှာ Virus များ ပါလာတတ်ပါတယ်။ Virus များက သင့်ဖုန်းကို ပျက်ဆီးစေရုံသာမကဘဲ သင့်ရဲ့ ငွေကြေးများကိုလည်း ခိုးယူနိုင်ပါတယ်။ အဲဒီအတွက် Google Play Store လို ယုံကြည်ရတဲ့ App Stores များကနေသာ Install လုပ်သင့်ပါတယ်။
၅။ ဖုန်းကို Restart မလုပ်ခြင်း။
သင့် ဖုန်းကို တစ်ပတ်လျှင် တစ်ကြိမ်လောက် အနည်းဆုံး Restart လုပ်သင့်ပါတယ်။ Restart လုပ်ရင် Memory ကို သက်သာစေပြီး မလိုအပ်တဲ့ Cached Data များကို ဖျက်ဆီးပေးမှာ ဖြစ်တဲ့အတွက် Storage နေရာလွတ်များ ရနိုင်ပါတယ်။ Restart မလုပ်ရင် Memory နဲ့ Storage နေရာကြပ်မှုများဖြစ်စေပြီး ဖုန်းကို လေးလံစေပါတယ်။
Credit; : MYANMAR DIGITAL LIFE
Tuesday, 19 July 2016
အခုရက်တွင်း ခေတ်စားနေတဲ့ Prisma photo editor apk For andriod
အခုရက်တွင်း ခေတ်စားနေတဲ့ Prisma photo editor apk လေးပါ iphones အတွက် သီးသန့်ထုတ်ထားပေမယ့် အခုတော့ Andriod အတွက် ရပါပြီ လိုအပ်ပါက အောက်တွင်ဒေါင်းနိုင်ပါသည်