FRP Lock ကျော်နည်း ဖြည်နည်း ----------------------------- ယခု နောက်ပိုင်းဝင်လာသော Version အမြင့် Devices များတွင် လုံခြုံရေးပိုင်းတိုးမြင့်မူ့ အနေဖြင့် Factory Reset Protection ( FRP ) ကို Lock အနေဖြင့်ပါဝင်လာပါသည်။Devices များတွင် Gmail များထည့်သွင်းထားပါက သာမာန်အချိန်တွင် သုံးစွဲရအဆင်ပြေနေသော်လည်း Firmware တင်လိုက်လျှင်သော်လည်းကောင်း Lock နံပါတ်များကိုမေ့သွားသောကြောင့် Recovery Mode မှ ဝင်ရောက်ပြီး Factory Reset ပြုလုပ်လိုက်လျှင်သော်လည်းကောင်း Device တွင် Power စတက်လာပါက Start စတင်ဝင်ရောက်လာသောအပိုင်းတွင် ယခင်ကထည့်သွင်းထားသော Gmail ကိုပြန်လည်ထည့်သွင်းပေးမှ စတင်အသုံးပြု၍ရမည်ဖြစ်ပါသည်။အကယ်၍ Gmail နှင့် Password ကိုထည့်သွင်းနိုင်ခြင်းမရှိပါက ၄င်း Phone ကိုအသုံးပြုနိုင်တော့မည်မဟုတ်ပါ။ထိုကဲ့သို့သော အခြေ အနေကို FRP Lock ကျသည်ဟုခေါ်ဆိုကျပါသည်။Gmail ကို မထည့်သွင်းပဲ ဖုန်းကိုပြန်လည် အသုံးပြုလိုပါက….. OTG Strick ကိုအသုံးပြုပြီးကျော်နိုင်ပါသည်…။ လိုအပ်သော ပစ္စည်းများမှာ - (1) OTG Strick - (2) Setting.apk Setting.apk ကို Download ဆွဲပြီး OTG Strick အတွင်းသို့ထည့်ထားပေးပါ။၎င်း OTG Strick ကို Phone အတွင်းသို့ထည့်သွင်းလိုက်ပါက Device တွင် OTG Strick ပေါ်လာမည်ဖြစ်ပြီး OTG အတွင်းမှ Settting.apk ကို Install ဆွဲပေးလိုက်ပါ။ Install ဆွဲခွင့်ပေးမည်မဟုတ်ပဲ Meesage Box တစ်ခုတက်လာပါလိမ့်မည် Setting အတွင်းသို့ ဝင်ရောက်ပြီး Unknow Sources ကို အမှန်ခြစ်ပေးလိုက်ပါက Install ဆွဲလို့ရသွားပါလိမ့်မည်။ Install ဆွဲပြီးပါက Done ကိုမနှိပ်ပဲ Open ကိုနှိပ်ပေးပြီး အစားထိုး Setting အတွင်းသို့ဝင်လိုက်ပါ။ Setting အတွင်းထဲသို့ရောက်ပါက Back up and reset ကိုနှိပ်ပြီး Reset ချပေးလိုက်ပါ။Back up and reset အတွင်းမှ Automatic restore ကို အမှန်ခြစ်ဖြုတ်ပေးထားရပါမည်။ အမှန်ခြစ်ဖြုတ်ပြီး Reset ချပေးလိုက်ပါ။Device တွင် Power တက်ပြီးပြန်တက်လာပါက FRP Lock ပြုတ်သွားပါပြီ။
Setting apk- Download
အဆင်ပြေပါစေ ဒါးပိန်သားလေး(နည်းပညာ)