Friday, 30 September 2016

Andriod ဖုန်းတွေမကြာခဏ Hang နေရခြင်း

Android ဖုန်းတွေ မကြာခဏ Hang နေရခြင်းAndroid ဖုန်းတွေ မကြာခဏ Hang နေရခြင်းဖုန်းတွေ ဘာလို့ မကြာခဏ Hang နေရတာလဲဆိုတာ အကြောင်းအရင်းများစွာရှိပါတယ်။ CPU နိမ့်နေတာ ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ဆုံး အခြေအနေကတော့ ဖုန်းမှာပါတဲ့ Built-in Memory လို့ခေါ်တဲ့Memory ပမာဏနည်းတဲ့ ဖုန်းတွေက ပို Hang တတ်ပါတယ်။ဘာကြောင့် Built-in Memory နည်းတဲ့ ဖုန်းတွေက ပို Hang တာလဲ ?Built-in Memory နည်းတဲ့ဖုန်းတွေက CPU နည်းပါ တယ်။ Built-in Memory က နည်းနေတဲ့အတွက် External Memory ထပ်ထည့်ရပါ တယ်။ External Memory 8GB, Built-in Memoryက 125 MB ရှိနေတဲ့ ဖုန်းတစ်လုံးဟာ မကြာခဏ Hangနေတယ်။ဘာကြောင့်လဲဆိုရင် ဖုန်းထဲမှာ သွင်းထားတဲ့ Application တွေများနေတယ်။ Built-in Memory ရှိသလောက်ကို Applicationတွေ သွင်းထား တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။နောက်တစ်ခုက External Memory 8GBကို 7GBလောက် Dataတွေ ထည့်ထားတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အဲ့ဒီလို အခြေ အနေမျိုးမှာ ဖုန်းက OSကိုလဲ Run နေရတယ်။ တစ်ခြား Application တွေကိုလဲ Run နေရတဲ့ အတွက် သူလုပ်နိုင်တဲ့ စွမ်းရည်ထက် ကျော်လွန်သွားတဲ့အခါ တစ်ခါတလေ Hangတတ်ပါတယ်။Built-in Memory နည်းတဲ့ ဖုန်းတွေကို အဲ့လို မဖြစ်အောင် ဘယ်လိုလုပ်မလဲ?ရှင်းပါတယ်၊ သူလုပ်နိုင်သလောက် တာဝန်ကိုပဲ လုပ်ခိုင်းပါ။ CPU နည်းတဲ့အတွက် သူရဲ့အလုပ် လုပ်နိုင်စွမ်း လည်း နည်းပါတယ်။ ဖုန်းတစ်လုံးက Built-in Memory 125 MB, CPU 800 MHz ရှိတယ်ဆိုပါစို့။ အဲ့ဒီ Memoryက Android Os ရဲ့ Data ပမာဏကို နုတ်ပြီး လက်ကျန် Memory ဖြစ်ပါတယ်။ နဂိုထဲက Memory နည်းနေတဲ့အတွက် Application အများကြီး သွင်းလို့ မရပါဘူး။ ဖုန်းထုတ်တဲ့ လူတွေက ဒါကို တွက်ချက် ပေးပြီးသားပါ။Applicationတွေကို အစကတည်းက လိုအပ်သလောက် ထည့်ပေးပြီးသားပါ။User လက် ထဲရောက်မှာသာ စိတ်ကြိုက် Application ထည့်လို့ရအောင် Memory ချန်ပေးထားတာပါ။ Built-in Memoryပေါ်မှာ Android Osကလဲ အလုပ်လုပ်နေတယ်၊ Application တွေကလဲ အလုပ်လုပ် နေပါတယ်။ Built-in Memory နည်းတဲ့ ဖုန်းတွေကို External Memory တတ်နိုင်သမျှ အများဆုံး ထည့်ပါ။Applicationတွေ လိုအပ်သလောက်ပဲ ထည့်ပါ။ ဂိမ်းကို အချိန် ကြာမြင့်အောင် မဆော့ပါနဲ့။ Recentတွေကို ဖျက်ပေးပါ။ Call Logတွေ အများကြီး သိမ်းမထားပါနဲ့ ဖျက်လိုက်ပါ။တစ်ပတ် တစ်ခါလောက် ဖုန်းကို Restart လုပ်ပေးပါ။ ဖုန်းဖွင့်ထားဖို့မလိုအပ်တဲ့ အချိန်တွေမှာ ဖုန်းကို ခဏပိတ်ထားပါ။ဖုန်းဆိုတာ ကွန်ပျူတာထက် အလုပ် ပိုလုပ်ပါတယ်။ ကွန်ပျုတာက အလုပ် လုပ်ပြီးရင် ပိတ်တဲ့အချိန်တွေ ရှိပါတယ်။ဖုန်းကို Power ပိတ်တဲ့အချိန်က နည်းပါတယ်။ ဒါကြောင့် တစ်ခါတလေ အနားပေးသင့်ပါတယ်။ စက်ပစ္စည်းဆိုတာ လူတွေနဲ့ အတူညီဆုံး ပုံစံတွေယူပြီး တီထွင်ထားတာပါ။ သူတို့လဲ လူတွေလိုအနားပေးသင့်ပါတယ်။ လုပ်နိုင်စွမ်းထက် ပိုလာရင် ဘယ်အရာပဲဖြစ်ဖြစ် ပျက်စီးလွယ်ပါတယ်။ဒီလိုနည်းလမ်းတွေနဲ့ ဖုန်း မကြာခဏ Hang နေတယ်ဆိုတဲ့ Error ကို အတတ်နိုင်ဆုံး ဖြေရှင်း လို့ရ ပါတယ်။

Credit:http://www.forumformyanmar.com

Friday, 29 July 2016

မြန်မာနိုင်ငံ ဆယ်တန်း အင်္ဂလိပ်စာသင်ခန်းစာများကို ဖုန်းဖြင့်လေ့လာလိုသူများအတွက်

မြန်မာနိုင်ငံ ၁၀ တန်းအင်္ဂလိပ်စာသင်ခန်းစာများကို
ဖုန်းဖြင့်လေ့လာလိုသူများအတွက် Install လုပ်ထား
နိုင်သော App ကို Download ယူနိုင်ပါသည်။
===============================                        Download here
===============================

Wednesday, 27 July 2016

သင့် Andriod Phone မှာ မလုပ်သင့်သည့် အရာများ

သင့် Android Phone မှာ မလုပ်သင့်တဲ့ အရာ ၅ ခု

သင့် Android Phone, Tablet ကို နေ့စဉ်လူနေမှုဘ၀များမှာ အသုံးပြုနေကြပါတယ်။ အဲဒီအတွက် ဖုန်းကို ရေရှည် အသုံးခံအောင် ပြုလုပ်သင့်ပါတယ်။ လူများစွာက Anti-Virus Software များကို Install လုပ်ခြင်း၊ နောက်ကွယ်မှ Apps များကို ပိတ်ခြင်းဖြင့် ကြိုတင်ကာကွယ်မှုများကို ပြုလုပ်ထားကြပါတယ်။ ဒါပေမယ့် အဲဒီ အလုပ်များဟာ တကယ်လိုအပ်ပါသလား ? ပြုလုပ်သင့်တယ်လို့ ထင်ရပေမယ့် မပြုလုပ်သင့်တဲ့ အရာများ ရှိပါတယ်။ ဒါကို Android Phone သုံးသူ အများစုက မသိကြပါဘူး။ ဒီတစ်ပတ်မှာတော့ သင့် Android Device မှာ မပြုလုပ်သင့်တဲ့ အရာ ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Task Killers များကို သုံးခြင်း၊ Apps များကို ပိတ်ခြင်း။

လူအများစုက Task Killers များကို သုံးပြီး နောက်ကွယ်မှာ Run နေတဲ့ Apps များကို သတ်ကြပါတယ်။ ဒါမှမဟုတ် Recent Apps Button ကို နှိပ်ပြီး သတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုလုပ်တာဟာ ဖုန်းကို ပိုမမြန်စေဘဲ ပိုနှေးစေတယ်ဆိုတာ လူအများစု မသိကြပါဘူး။

App တစ်ခုကို ဖွင့်တဲ့အခါမှာ သူ့ရဲ့ ဒေတာများကို RAM မှာ သိမ်းလိုက်ပါတယ်။ အဲဒီ App ကို သတ်လိုက်ရင် RAM မှာ သိမ်းထားတဲ့ ဒေတာများကို ဖျက်လိုက်ပါတယ်။ အဲဒီအတွက် နောက်တစ်ကြိမ်ဖွင့်ရင်  RAM မှာ ဒေတာများ ပြန်သိမ်းရတဲ့အတွက် နှေးကွေးပြီး ကြာပါတယ်။ အဲဒီ App ကို မသတ်ဘဲ နောက်တစ်ကြိမ်ပြန်ဖွင့်ရင် RAM မှာ ဒေတာများ ရှိနေသေးတဲ့အတွက် လျှင်မြန်စွာ ပြန်ပွင့်ပါတယ်။

အဲဒီအတွက် ဘက်ထရီ အလွန် သုံးတဲ့ App ကိုသာ ရွေးချယ် သတ်သင့်ပါတယ်။

၂။ Antivirus App ကို တစ်ခုထက် ပိုသုံးခြင်း။

သင့် Android Device မှာ Antivirus App တစ်ခု သုံးမယ်ဆိုရင် RAM နဲ့ ဘက်ထရီကို အလွန် အသုံးပြုတာကို သတိပြုပါ။ သူဟာ နောက်ကွယ်မှာ တစ်ချိန်လုံး အလုပ်လုပ်နေပါတယ်။ အဲဒီအတွက် Antivirus App တစ်ခုသာ သင့်ဖုန်းမှာ ထည့်သွင်းထားသင့်ပါတယ်။ Antivirus App များစွာ ရှိတဲ့အထဲကနေ နာမည်ကြီး ကောင်းမွန်တဲ့ တစ်ခုကို လေ့လာ အသုံးပြုပါ။

၃။ Software Update မလုပ်ခြင်း။

သင့် စမတ်ဖုန်း Operating System ကို အမြဲ Update လုပ်သင့်ပါတယ်။ လုံခြုံရေးနဲ့ စွမ်းဆောင်ရည် ပိုမို ကောင်းမွန်လာဖို့ ဖြစ်ပါတယ်။ Update ရတိုင်း ထည့်သွင်းသင့်ပါတယ်။ အခမဲ့ ၀ိုင်ဖိုင် လိုင်း ကောင်းရင် အလိုအလျှောက် Update ပြုလုပ်သင့်ပါတယ်။

၎။ မယုံကြည်ရတဲ့ App Store များမှ Download လုပ်ခြင်း။

Android APK ဖိုင်များမှာ Virus များ ပါလာတတ်ပါတယ်။ Virus များက သင့်ဖုန်းကို ပျက်ဆီးစေရုံသာမကဘဲ သင့်ရဲ့ ငွေကြေးများကိုလည်း ခိုးယူနိုင်ပါတယ်။  အဲဒီအတွက် Google Play Store လို ယုံကြည်ရတဲ့ App Stores များကနေသာ Install လုပ်သင့်ပါတယ်။

၅။ ဖုန်းကို Restart မလုပ်ခြင်း။

သင့် ဖုန်းကို တစ်ပတ်လျှင် တစ်ကြိမ်လောက် အနည်းဆုံး Restart လုပ်သင့်ပါတယ်။ Restart လုပ်ရင် Memory ကို သက်သာစေပြီး မလိုအပ်တဲ့ Cached Data များကို ဖျက်ဆီးပေးမှာ ဖြစ်တဲ့အတွက် Storage နေရာလွတ်များ ရနိုင်ပါတယ်။ Restart မလုပ်ရင် Memory နဲ့ Storage နေရာကြပ်မှုများဖြစ်စေပြီး ဖုန်းကို လေးလံစေပါတယ်။
Credit; : MYANMAR DIGITAL LIFE 

Tuesday, 19 July 2016

အခုရက်တွင်း ခေတ်စားနေတဲ့ Prisma photo editor apk For andriod

အခုရက်တွင်း ခေတ်စားနေတဲ့ Prisma photo editor apk လေးပါ iphones အတွက် သီးသန့်ထုတ်ထားပေမယ့် အခုတော့  Andriod အတွက် ရပါပြီ လိုအပ်ပါက အောက်တွင်ဒေါင်းနိုင်ပါသည်

                   APK  DOWNLOAD

Friday, 24 June 2016

FRP Lock ကျော်နည်း ဖြည်နည်း

FRP Lock ကျော်နည်း ဖြည်နည်း ----------------------------- ယခု နောက်ပိုင်းဝင်လာသော Version အမြင့် Devices များတွင် လုံခြုံရေးပိုင်းတိုးမြင့်မူ့ အနေဖြင့် Factory Reset Protection ( FRP ) ကို Lock အနေဖြင့်ပါဝင်လာပါသည်။Devices များတွင် Gmail များထည့်သွင်းထားပါက သာမာန်အချိန်တွင် သုံးစွဲရအဆင်ပြေနေသော်လည်း Firmware တင်လိုက်လျှင်သော်လည်းကောင်း Lock နံပါတ်များကိုမေ့သွားသောကြောင့် Recovery Mode မှ ဝင်ရောက်ပြီး Factory Reset ပြုလုပ်လိုက်လျှင်သော်လည်းကောင်း Device တွင် Power စတက်လာပါက Start စတင်ဝင်ရောက်လာသောအပိုင်းတွင် ယခင်ကထည့်သွင်းထားသော Gmail ကိုပြန်လည်ထည့်သွင်းပေးမှ စတင်အသုံးပြု၍ရမည်ဖြစ်ပါသည်။အကယ်၍ Gmail နှင့် Password ကိုထည့်သွင်းနိုင်ခြင်းမရှိပါက ၄င်း Phone ကိုအသုံးပြုနိုင်တော့မည်မဟုတ်ပါ။ထိုကဲ့သို့သော အခြေ အနေကို FRP Lock ကျသည်ဟုခေါ်ဆိုကျပါသည်။Gmail ကို မထည့်သွင်းပဲ ဖုန်းကိုပြန်လည် အသုံးပြုလိုပါက….. OTG Strick ကိုအသုံးပြုပြီးကျော်နိုင်ပါသည်…။ လိုအပ်သော ပစ္စည်းများမှာ - (1) OTG Strick - (2) Setting.apk Setting.apk ကို Download ဆွဲပြီး OTG Strick အတွင်းသို့ထည့်ထားပေးပါ။၎င်း OTG Strick ကို Phone အတွင်းသို့ထည့်သွင်းလိုက်ပါက Device တွင် OTG Strick ပေါ်လာမည်ဖြစ်ပြီး OTG အတွင်းမှ Settting.apk ကို Install ဆွဲပေးလိုက်ပါ။ Install ဆွဲခွင့်ပေးမည်မဟုတ်ပဲ Meesage Box တစ်ခုတက်လာပါလိမ့်မည် Setting အတွင်းသို့ ဝင်ရောက်ပြီး Unknow Sources ကို အမှန်ခြစ်ပေးလိုက်ပါက Install ဆွဲလို့ရသွားပါလိမ့်မည်။ Install ဆွဲပြီးပါက Done ကိုမနှိပ်ပဲ Open ကိုနှိပ်ပေးပြီး အစားထိုး Setting အတွင်းသို့ဝင်လိုက်ပါ။ Setting အတွင်းထဲသို့ရောက်ပါက Back up and reset ကိုနှိပ်ပြီး Reset ချပေးလိုက်ပါ။Back up and reset အတွင်းမှ Automatic restore ကို အမှန်ခြစ်ဖြုတ်ပေးထားရပါမည်။ အမှန်ခြစ်ဖြုတ်ပြီး Reset ချပေးလိုက်ပါ။Device တွင် Power တက်ပြီးပြန်တက်လာပါက FRP Lock ပြုတ်သွားပါပြီ။

Setting apk- Download

အဆင်ပြေပါစေ ဒါးပိန်သားလေး(နည်းပညာ)

Tuesday, 17 May 2016

Android ဖုန်းတွေမှာ ဖြစ်တတ်တဲ့ Camera Failed Error ဖြည်ရှင်းနည်း

Android ဖုန်းတွေမှာ ဖြစ်တတ်တဲ့ Camera Failed Error ဖြည်ရှင်းနည်း

Samsung ဖုန်းတွေမှာ မကြာခဏ ဖြစ်တတ်တဲ့  Camera Failed  Error ပြပြီး Camera ရိုက်မရတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အဲ့လိုဖြစ်လာရင် အောက်ပါအတိုင်း ဖြေရှင်းပေးနိုင်ပါတယ်....

ဖုန်း Menu ပေါ်က My File ဆိုတဲ့  Folder ကနေ Phone Storge မှ Android \ data \com.sec.android.gallery3d \ cache ထိ တစ်ဆင့်ချင်း ရောက်အောင်သွားပါ Cache ဖိုလ်ဒါ ထဲမှာ ရှိတဲ့ ဖိုင်လ်တွေကို Salect all လုပ်ပြီး Delete လုပ်ပစ်ရမည်ဖြစ်ပါသည်အောက်တွင်ပြုလုပ်နည်းလေးများကိုပုံနှင့်တကွ ရှင်းပြထားပါတယ် ။
အဆင်ပြေပါစေ
                                      ဒါးပိန်သားလေး(နည်းပညာ)

Friday, 13 May 2016

ကွန်ပျူတာ လေးနေတယ် နှေးနေတယ်ဆိုရင် လုပ်ဆောင်သင့်သည့်အချက်များ

ကွန်ပြူတာ နှေးနေ ၊ လေးနေတယ် ဆို ၇င်ဖြင့်
...........................................................
ဒါလေးတွေ လုပ်ကြည့်လိုက်ပါ ။
နည်းများစွာထဲက ပညာ၇ှင်အဆင်မဟုတ်လို့ လူတိုင်နားလည်
အောင်ကျနော်လေ့လာမိသလောက်သိသလောက် ၇ှင်းပြပေးထားပါတယ် ။ ဘာမှမှားစ၇ာမ၇ှိလို့
စိတ်ချလက်ချလုပ်ပြီးကြည့်လိုက်ပါ ။
.....
1- W+R > run > type> temp >ok>select all file>Shift+Delete>enter
2 -W+R > run > type> %temp% >ok>select all file>Shift+Delete>enter
  3-W+R > run > type > recent >ok>select all file>Shift+Delete>enter
4- W+R> run>type> cleanmgr> ok>check all(backup file ၇ှိထား၇င် မဖျက်ပါနဲ့ )> ok>delete
5- desktop ပေါ်က recyclebin ကို ဖွင့် Ctrl+A > delete
ဒီနံပါတ် ၅ အထိ အကုန်ဖျက်ထုပ်လို့၇ပါတယ် ..ဘာမှမကြောက်ပါနဲ့ .. ဘာမှမပျောက်ပါဘူး ။
ဖျက်သာဖျက်ချလိုက်ပါ ... အလိုအပ်ပဲ သိမ်းထားတာ သုံးစွဲတာများလာတာနဲ့အမျှ သိမ်းနေမှာဖြစ်လို့
ခဏခဏ ဖျက်ပေး၇ပါမယ် ။သိမ်းတာများလာတော့ စက်ကလေးလာပါမယ် ။အဲဒါကြာင့်ပါ ။ပင်ကိုယ်သိမ်းထားတဲ့နေ၇ာတွေမဟုတ်ပါဘူး ။
ကိုယ်လုပ်ပြီးသား ဖွင့်ပြီးကြည့်ထားပြီးသားတွေသာသိမ်းနေတာမို့ ဖျက်၇တာပါ ။
6 ။ My computer> properties> Remote Settings> Advanced> Performance
Settings>Visual Effects > Adjust for best performance > use visual styles on windows and
buttons ကိုအမှန်ချက်ပေးပါ ပြီး apply > ok
7- Start menu> type> Disk Defragmenter >(C:) ကို Analyze disk အ၇င်လုပ်ပါ ။ အချိန်ပေး၇ပါတယ် ။သူပြီး၇င်တော့
Defragment disk ကို ထပ်နိပ်ပါ ။ သူက တော့ဝဲတွေ၇ဲ့ ဖိုင်တွေ ပြန့်နေတာကို တစ်စုတည်း ပြန်စီပေးတာပါ .. နာ၇ီဝက်လောက်စောင့် ပါ ။
8 - W+R > run > type> msconfig >ok>startup>apply> ok>
နံပါတိ၈ ကိုနောက်ဆုံးမှလုပ်ပါ ။ပြီး၇င်  restart computer ချပေးလိုက်ပါ ။
ပြီး၇င်
9- ...win+R>regedit>enter>Hkey_Current_User>>Control Panel>>Desktop>>
ညာဘက်ခြမ်းnameတွေအောက်မှာ MenuShowDelay ဆိုတာကိုကလက်၂ချက်ပါ ။
Value နေ၇ာမှ 0 ထားပေးလိုက်ပါ ။သူလဲ restart computer ချ၇ပါ့မယ် ။
ကွန်ပြူတာ ၀င်းဒိုးတက်တာ မြန်လာပါ့တယ် ။
ကွန်ပြူတာက HDD တွေများလို့ ဒီနည်းလေးတွေ သိထားစေချင်လို့
အ၇င်ကထက်တော့ သေချာပေါက်မြန်သွား စေမှာပါ ။အမှတ်စဉ် ၁ မှ ၅ ထိကို တစ်ပတ်လျှင် ၃ကြိမ်လောက်လုပ်ဆောင်ပေးစေချင်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ။
                                        ဒါးပိန်သားလေး(နည်းပညာ)